ကနီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း ဆွေးနွေး

 

ကနီ ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ကနီမြို့နယ် ပါတီနာယကများ၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦး၊ ကော်မတီ ဝင်များ၊ အရန်ကော်မတီများနှင့် ဦးစီးရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ ပါတီ၏ရှေ့လုပ်ငန်း စဉ်များ၊ ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပါတီဥက္ကဋ္ဌ ဦးကျန်ထွန်းက ပထမလေးလပတ် အစည်းအဝေးမှ အစည်းအဝေး ဆုံးဖြတ်ချက်များကို ပြန်လည်ရှင်း လင်းဆွေးနွေးခဲ့ပြီး ကော်မတီဝင်များ ဆောင်ရွက်ရမည့် ပါတီလုပ်ငန်းစဉ်ကို ထပ်ဆင့်ဆွေးနွေးခဲ့ကြ သည်။ ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များက တစ်ဦးချင်း ဆွေးနွေးတင်ပြခြင်းများကို ပါတီ နာယကဦးရှိန်နှင့် ပါတီဥက္ကဋ္ဌ ဦးကျန်ထွန်းတို့က ပြန်လည်ဖြေကြားခဲ့ပြီး အစည်းအဝေးကို မွန်းတည့် ၁၂ နာရီတွင် ပြီးစီးခဲ့သည်။

အောင်မျိုးထွန်း(ကနီလူငယ်)