ချောက်မြို့နယ် အပူချိန်လျှော့ချရေး သစ်ပင်စိုက်ပျိုးရေးတွင် ပြည်ခိုင်ဖြိုးပါတီဝင်များ ပူးပေါင်းပါဝင် တက်ကြွစွာ ဆောင်ရွက်

 

ချောက် ဇွန် ၁ဝ

ချောက်မြို့နယ် အမှတ်(၁) ရေအိုးစင်ရပ်ကွက် စိုက်ကွက် အမှတ် (၁) ရှစ်မျက်နှာဘုရား၊ အမှတ် (၁ဝ) ရပ်ကွက်အောင် မင်္ဂလာဘုရားအနီး စိုက်ကွက်အမှတ် (၂)၊ အေးစေတီရပ် ရွှေတိဂုံပုံတူဘုရား အနီးတို့တွင် ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးပင်ပေါင်း ၂ဝဝဝဝ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်ဦးသာသန (ရန်ကုန်)၊ ဆရာတော် ဦးပညာဝံသ (အောင်မင်္ဂလာကျောင်း၊ချောက်) တို့ ဦးဆောင် စီစဉ်ခြင်းဖြစ်ပြီး ချောက်မြို့သူမြို့သားများ၊ ပရဟိတအဖွဲ့များ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့၊ ခလရ (၁၃)၊ ခမရ (၄၁၆) ဝါဇီစက်ရုံတို့မှ တပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီဝင်များနှင့်အတူ သစ်ပင်စိုက်ပျိုးနိုင်ရန် မြေကျင်းတူးခြင်း၊ မြေဆွေးထည့်ခြင်း လုပ်ငန်းများကို ပြည်ခိုင်ဖြိုးပါတီဝင်များ ပူးပေါင်းပါဝင်ပြီး တက်ကြွစွာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။