ဒဂုံမြောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ ရေနွေးကြမ်းစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

 

ရန်ကုန် မေ ၂၈ ။

ရန်​ကုန်​တိုင်း​ဒေသကြီး၊ ဒဂုံမြို့သစ်​​မြောက်​ပိုင်းမြို့နယ်​၊ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ မြို့နယ်​ပါတီ အတွင်း​ရေးမှူး ဦးသန်းစိုးဦး​ဆောင်​​သော မြို့နယ်​ပါတီ​ကော်​မတီအဖွဲ့သည်​ ယ​နေ့ နံနက်​ ၁၀ နာရီ အချိန်​က ဒဂုံမြို့သစ်​မြောက်​ပိုင်းမြို့နယ်​၊ အမှတ်​ (၅၁) ရပ်​ကွက်​ရှိ ပါတီဝင်​အမာခံအိမ်​၌ ယ​နေ့နိုင်​ငံ​ရေး အ​ခြေအ​နေ၊ ရခိုင်​အရေး၊ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေနှင့်​ စပ်​လျဉ်းသည့်​ အချက်​များအား ​ရေ​နွေးကြမ်းစကားဝိုင်းဖြင့်​ ​ဆွေး​နွေးခဲ့ကြ ပါသည်​။
အဆိုပါ​ ရေ​နွေးကြမ်းစကားဝိုင်း​ ဆွေး​နွေးပွဲသို့ ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​၊ ပြည်​ခိုင်​ဖြိုးပါတီအတွင်း​ရေးမှူး ဒေါ်ဇာခြည်​လင်းမှ ဦး​ဆောင်​​ဆွေး​နွေး​ ပြောကြားပြီး မြို့နယ်​ပါတီအတွင်း​ရေးမှူး ဦးသန်းစိုးမှ ပါတီတွင်း လုပ်​​ဆောင်​​နေသည့်​ ပြည်​သူ့အကျိုးပြု လုပ်​ငန်းများနှင့်​စ ည်းရုံး​ရေးရာလုပ်​ငန်းများအား ရှင်းလင်း​ပြောကြားခဲ့ပါသည်​။

တက်​​ရောက်​လာကြသည့်​ ပါတီဝင်​များမှလည်း သိလိုသည်​များအား ​မေးမြန်းခဲ့ကြ ပါသည်​။ ဒဂုံမြို့သစ်​​မြောက်​ပိုင်း မြို့နယ်​၊ ပြည်​ခိုင်​ဖြိုးပါတီ၊ အတွင်း​ရေးမှူး ဦးသန်းစိုးဦး​ဆောင်​​သော မြို့နယ်​ပါတီ ကော်​မတီအဖွဲ့သည်​ တစ်​ပတ်​လျှင်​ သုံးရက်​ (တနင်္ဂ​နွေ ၊ အင်္ဂါ ၊ကြာသပ​တေး) ရက်​များတွင်​ နံနက်​ ၁၀ နာရီ တစ်​ကြိမ်​၊ ည​နေ ၅ နာရီ တစ်​ကြိမ်​ဖြင့်​ ပြည်​သူများနှင့်​ထိ​တွေ့ပြီး ​ရေ​နွေးကြမ်းစကားဝိုင်းများအား စဉ်​ဆက်​မပြတ်​ လုပ်​​ဆောင်​လျှက်​ရှိ​ကြောင်း သိရှိ ရပါသည်