ဖောင်တော်ဦးဘုရားဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် စဥ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမိသားစု ပါဝင်လှူဒါန်းပူဇော်

 

စဥ့်ကိုင် မတ် ၂၁

စဥ့်ကိုင်မြို့နယ် အင်းနားရွာ ဖောင်တော်ဦးဘုရား ဆွမ်းဆန်စိမ်း လောင်းလှူဒါန်းပွဲအား ယမန်နေ့ နံနက်၉နာရီက ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ခရိုင်ပါတီကော်မ တီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံးနှင့် ကော် မတီဝင်များ၊ ရပ်ကျေးအဖွဲ့များ တက်ရောက်၍ စုပေါင်းလှူဒါန်း ခဲ့သည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ခေါက်ဆွဲခြောက်၊ ဆပ်ပြာမှုန့်၊ ကော်ဖီမစ်၊ကျောက်ကျောဘူး၊ အချိုရည်ဘူး၊ ပေါင်မုန့်၊ လှူဖွယ် များနှင့်အတူ အလှူငွေများဖြင့် ပင့်သံဃာတော်အပါး ၁၂ဝနှင့် သီလရှင် ၁၅ပါးတို့အား လောင်း လှူခဲ့ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ သည်။

SL