ပြည်ခိုင်ဖြိုးပါတီ ညောင်ကုန်းကျေးရွာပါတီဆိုင်းဘုတ်တင်ပွဲနှင့် လဖက်ရည်ကြမ်းစကားဝိုင်းကျင်းပ
မိုးကောင်း။ မတ်လ ၂၁
ကချင်ပြည်နယ် မိုးကောင်းမြို့ နယ်ညောင်ကုန်းကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီဥက္ကဌ ဦးစိုင်းစံအောင်နေအိမ်တွင် ယနေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ပြည်ခိုင်ဖြိုးပါတီ ပါတီဆိုင်းဘုတ်တင်ပွဲနှင့် လက်ဖက်ရည်ကြမ်းစကားဝိုင်းကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင် နယ်မြေ(၂)တာဝန်ခံ ဦးစိုးနွယ် မြို့နယ်ကော်မတီဝင် မြို့နယ်စီမံ ဦးဝင်းသိန်း၊ဦးစိုင်းထွန်းလှ၊ ဦးမြင့်စိုးနယ်မြေ (၅) တာဝန်ခံ ဦးဝင်းကို၊နယ်မြေ( ၂) တွဲဘက်တာဝန်ခံ ဦးချစ်မောင် မြို့နယ်နာယက ဦးအောင်ကြင် တို့သည် ညောင်းကုန်းကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီဥက္ကဌ ဦးစိုင်းစံအောင်နှင့် ရပ်ကျေးပါတီ ကော်မတီဝင်များ အင်အား ( ၃၀) ဦးဖြင့် အောင်သပြေပန်းများ ပက်ဖြန်းပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်
Ko soe