သမိုင်းဝင် ရန်အောင်မြင်ရွှေလက်လှစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့်(၈၇)ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်တော်လောင်းလှူပွဲတွင် ပြည်ခိုင်ဖြိုးပါတီ လှူဒါန်း

 

နေပြည်တော် မတ် ၁၇

နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရန်အောင်မြင်ရွှေလက်လှ စေတီတော်မြတ်ကြီးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက သမိုင်းဝင် ရန်အောင်မြင် ရွှေလက်လှစေတီ တော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် နှင့် (၈၇)ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်း အနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနေပြည် တော်ဌာနချုပ်မှ နှစ်စဉ်ပါဝင်လှူ ဒါန်းနေကျအတိုင်း ပါဝင်လှူဒါန်း ခဲ့သည်။ဆွမ်းဆန်တော်လောင်းလှူပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ဌာနချုပ်မှ ဌာနချုပ်မှူး ဦးသောင်းရွှေ နှင့်အတူ ဌာနချုပ်မှူး၊ ဒုဌာနမှူးများ၊ ဌာနချုပ်မှ ဦးစီးရုံးအဖွဲ့ဝင် မိသားစုများက ကြွရောက်လာကြသည့် သံဃာတော် ၄၉၁ ပါး နှင့် သီလရှင်ဆရာကြီးဆရာလေး ၁ဝ၈ ပါးတို့အား တန်ဖိုးငွေကျပ် ၇ဝ၈၆ဝဝ တန်ဖိုးရှိ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေတို့အား ကုသိုလ်ပြုလှူဒါန်းခဲ့ကြောင်း သိရသည်။

မိုးဇော်(နေပြည်တော်)