မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ထမနှဲထိုးပွဲ ကျင်းပပြုလုပ်

 

ရန်ကုန် ဖေဖဝါရီ ၁၈

မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရိုးရာမပျက် နှစ်စဉ်ထမနှဲထိုးပွဲကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သည်။

အဆိုပါပွဲသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်မြင့်နှင့် ပါတီကော်မတီများ (၁၉) ရပ်ကွက်ပါတီ ကော်မတီများ စုပေါင်းတက်ရောက်ပြီး ထမနှဲထိုး ကုသိုလ်ပြု လှုဒါန်းကြကြောင်း သိရပါသည်။

အေးမင်းဇော်(မြောက်ဥက္ကလာ)