ဟာဆီဂါဝါကို ပထမအချီမှာပဲ အနိုင်ရအောင် ကြိုးစားမယ်လို့ အောင်လအန်ဆန် ပြော

၂၀၁၉ ခုနှစ်၊ မတ်လ(၃၁)ရက်၊ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဟာဆီဂါဝါနဲ့ ထိုးသတ်မယ့် ၀မ်းမစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကာကွယ်ပွဲမှာ ပထမအချီမှာပဲ အနိုင်ရအောင်ကြိုးစားသွားမယ်လို့ ဒီနေ့နံနက်က Rose Garden Hotel မှာကျင်းပတဲ့ Online Live Video အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံပေါင်းစုံမှာ ယှဉ်ပြိုင်ခဲ့ဖူးတဲ့အတွေ့အကြုံရှိတာကြောင့် ဂျပန်မှာထိုးသတ်မယ့်ပွဲဟာ သူ့အတွက် ဘာမှ ထူးခြားမှု မရှိဘူးလို့ ဆိုပါတယ်။

အောင်လအန်ဆန်ဟာ ဒီပွဲအတွက် ပြိုင်ဘက်နဲ့ကစားခဲ့တဲ့ပွဲတွေကိုကြည့်ရှု့ပြီး ဆရာတွေနဲ့တိုင်ပင်ကာ အကောင်းဆုံးလေ့ကျင့် ပြင်ဆင်နေပါတယ်။

ဒီပွဲဟာ အောင်လအန်ဆန်အတွက် ၀မ်းမစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို တတိယအကြိမ်မြောက် ကာကွယ် ပွဲလည်း ဖြစ်ပါတယ်။

ပထမဆုံးအကြိမ် ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် ဟာဆီဂါဝါနှင့် ထိုးသတ်ခဲ့ရာ (၅)ချီမှာ အောင်လအန်ဆန် အနိုင်ရခဲ့ပြီး ခရာခီနှင့် ထိုးသတ်ခဲ့သည့် ဒုတိယအကြိမ်ကာကွယ်ပွဲတွင် ပထမအချီမှာပဲ အနိုင်ရခဲ့ပါတယ်။

 

-Ref:Skynetsports