ရိုးခွကျေးရွာ အထက(ခွဲ) ပညာရည်ချွန်ဆုပေးပွဲနှင့်စုံညီပွဲတော်သို့ ပြည်ခိုင်ဖြိုးပါတီ တက်ရောက်အားပေးဆုချီးမြှင့်

 

ရန်ကုန် ဇန်နဝါရီ ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ရိုးခွကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)ပညာရည်ချွန်ဆုပေးပွဲနှင့် စုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရိုးခွကျောင်း၌ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဒေါ်မိုင် မူမူဝင်း၊ အထကထန်းတပင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးမွန်၊ ရိုးခွကျေးရွာ အထကကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေမြိုင်၊ ထန်း တပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ မိဘဆရာအသင်းနာယက ဦးသိန်းရီ တို့က ဆုရကျောင်းသားကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ ကြောင်းသိရသည်။ အခမ်းအနားတွင် ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းနှင့် တေးသရုပ်ဖော်သီချင်းများဖြင့် ဧည့်ခံဖျော်ဖြေကြ ကြောင်း သိရသည်။

ဇော်သိန်း(ထန်းတပင်)