၂၀၁၈ ခုနှစ်၏ အကောင်းဆုံး ကစားသမားဆုကို မောင်မောင်လွင်နှင့် ခင်မာလာထွန်း ရရှိ

၂၀၁၈ ခုနှစ်၏ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို ရန်ကုန်အသင်း၏ မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ မောင်မောင်လွင်နှင့် အကောင်းဆုံး အမျိုးသမီးဆုကို အာကာသိပ္ပံအသင်း၏ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ခင်မာလာထွန်း တို့ ရရှိခဲ့သည်။

ထို့အပြင် တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ရန်ကုန်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း၊ လူငယ် အကောင်းဆုံး အမျိုးသားဆုကို လွင်မိုးအောင်နှင့် လူငယ်အကောင်းဆုံး အမျိုးသမီးဆုကို မြတ်နိုးခင် တို့ ရရှိခဲ့သည်။

MFF-MNL Awards Night Ceremony ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် ညပိုင်းက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသည့် ကစားသမားများကို ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ် ချီးမြှင့်ခဲ့သည်။

7Days