အိမ်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီအစည်းအဝေးကျင်းပ

 

အိမ်မဲ ဒီဇင်ဘာ ၂၆

အိမ်မဲမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့ နယ်ပါတီကော်မတီအစည်းအဝေး ကို ယမန်နေ့နံနက် ၉ နာရီတွင် စတင် ကျင်းပရာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ဧရာဝတီတိုင်း ဒေသကြီးတာဝန်ခံ ပါတီဗဟို အတွင်းရေးမှူး ဦးသန်းထွန်း၏ လမ်းညွှန်မှုများကို မြို့နယ်ပါတီ ကော်မတီဝင်များအား ရှင်းလင်း ပြောကြားသည်။

ထို့နောက်မြို့နယ်ပါတီအတွင်း ရေးမှူး ဦးဇွဲမာန်လွင်ကဆက်လက် ဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းခဲ့သည်။ ထို့နောက် မြို့ နယ် ပါတီကော်မတီဝင် နယ်မြေ တာဝန်ခံများက နယ်မြေအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ပြီးသတင်းနှင့်မီဒီယာကိစ္စ ရပ်များကို တာဝန်ခံဦးကျော်သူရဦး ကလည်းကောင်း၊ ဥပဒေရေးရာ ကိစ္စရပ်များကို ဒေါ်မေနဒီနှင်းက လည်းကောင်း အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးကိုမြို့နယ်ပါတီ ကော်မတီဝင် ၁၂ဦး၊ အရန်ပါတီ ကော်မတီဝင်သုံးဦးတက်ရောက် ဆွေးနွေးခဲ့ပြီး နံနက်၁၁နာရီ ၄၅ မိနစ်တွင်ပြီးစီးခဲ့ကြောင်းသိရသည်။

ကျော်သူရဦး(အိမ်မဲ)