ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဘာသာစကားသင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန် ဒီဇင်ဘာ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်အစီအစဉ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့သော ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တရုတ်ဘာသာစကားပြောသင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး တရုတ်နိုင်ငံယဉ်ကျေးမှု သံမှူးထိုင်ရှမ်းထင်က အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် တရုတ်ဘာသာစကားပြောသင်တန်းတက်ရောက်ခဲ့သူများအား သင်တန်းဆင်းအောင် လက်မှတ်များကို တရုတ်နိုင်ငံ ယဉ်ကျေးမှုသံမှူးက ပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းတွင် သင်ကြားပြသပေးခဲ့သော သင်တန်းဆရာမ ထောင်ကျင့်ဝမ်ကို ပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်က အမှတ်တရလက်ဆောင် ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တရုတ်ဘာသာစကားပြောသင်တန်းအား တက်ရောက်လာသူများက အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ တရုတ်ဘာသာစကားပြောသင်တန်းတက်ခဲ့သူ ပါတီဝင် ၃၆ ဦးအပါအဝင် စုစုပေါင်း ၁၉၈ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။