ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကျင်းပ

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၃၀ ရက်နေ့၌ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မေသူဝင်း၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်း နှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီများနှင့်ရပ်/ကျေးအမျိုးသမီးရေးရာပါတီဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပာအခမ်းအနားတွင် သဘာပတိအဖွဲ့မှနေရာယူပြီး နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ပြည်နယ်ပါတီအတွင်းရေးမှူးမှ မိတ်ဆက်အမှာစကား ပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌမှ အဆိုပါနှီးနှောဖလှယ်ပွဲကျင်းပရသည့် ရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်း ပြောကြားကာ တက်ရောက်လာကြသော ရပ်/ကျေးအမျိုးသမီးကိုယ်စားလှယ်များမှ အစုအဖွဲ့လေးဖွဲ့ဖြင့် စာတမ်းများပြုစုခဲ့ကြကြောင်း သိရှိရသည်။

Crd;