ဗဟိုအမျိုးသမီးညီလာခံ အကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

အောက်တိုဘာ ၁ဝ

ဧရာဝတီတိုင်းဒေသကြီး ကျောင်း ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသော ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှော ဖလှယ်ပွဲသို့တိုင်းဒေသကြီးပါတီကော်မတီ ဝင် ဒေါက်တာထိန်ဝင်း၊ တိုင်းဒေသကြီး အမျိုးသမီး တာဝန်ခံဒေါ်နွယ်နွယ်ဦး၊ ခရိုင် ပါတီဥက္ကဋ္ဌဦးကျော်ကျော်၊ အတွင်းရေးမှူး ဦးလှဌေးနှင့် ခရိုင်အမျိုးသမီးတာဝန်ခံ ဒေါ် သက်သက်လွင်၊ ဧည့်သည်တော် ဦးစိုးဝင်း တို့ တက်ရောက်အားပေးကြသည်။

အခမ်းအနားကို နှစ်ပိုင်းခွဲ၍ကျင်းပရာ ပထမပိုင်းတွင် တိုင်းဒေသကြီးအမျိုးသမီး တာဝန်ခံ ဒေါ်နွယ်နွယ်ဦး၊ ခရိုင်ဥက္ကဋ္ဌ ဦးကျော်ကျော်၊ ခရိုင်အမျိုးသမီးတာဝန်ခံ ဒေါ်သက်သက်လွင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီး ပါတီကော် မတီဝင် ဒေါက်တာထိန်ဝင်းတို့ အသီးသီး အမှာစကား ပြောကြားခဲ့သည်။

ဒုတိယပိုင်းတွင် အမျိုးသမီးအစုအဖွဲ့ များမှတင်သွင်းသော စာတမ်းများအား ဒေါ်ဝင်းဝင်းကြည်၊ ဒေါ်ခင်သိန်း၊ ဒေါ်ဥမ္မာ ကြည်နှင့်ဒေါ်ဇင်နွယ်ဝင်းတို့က ဖတ်ကြား ပြီး တိုင်းဒေသကြီးနှင့်ဗဟိုသို့တက်ရောက် မည့် အမျိုးသမီးကိုယ်စားလှယ်များကို ဒေါ်ကေသီနွယ်က ပြောကြား၍ အခမ်း အနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။