ရှမ်းမြောက် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌနှင့်အဖွဲ့ ကျေးရွာ ပါတီအဖွဲ့ များနှင့် တွေ့ဆုံ
အောက်တိုဘာ ၇
နေ့လည် (၁း၂၀) တွင် ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီဥက္ကဌ ဒေါ်နန်းခင်မြင့်ဌေးနှင့် မြို့နယ်ပါတီကော်မတီဝင်. ရပ်/ကျေးပါတီဥက္ကဌများ (၁၃) ဦးတို့ နှင့် အတူ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု နဘူးကျေးရွာသို့ သွားရောက်၍ ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံ၍ ပါတီဝင် စီစစ်ခြင်း လုပ်ငန်းများ ပါတီဝင်အသစ်များ ရရှိရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ရှေးဦးစွာ နဘူးဘုန်းတော်ကြီး ကျောင်းဆရာတော်အား ပူဇော်ကန်တော့ခဲ့ကြပြီး ကျေးရွာပါတီဝင်များနှင့် ကျေးရွာအတွက် လိုအပ်ချက် တင်ပြချက် များအား ဆွေးနွေးမေးမြန်းညှိနှိုင်းခဲ့ကြပါသည်။ ပါတီဝင် အသစ်များ ရရှိရေးအတွက် လက်ရှိ နိုင်ငံရေးအခြေအနေများ ပါတီ၏ ယခု ဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ဆောင်ရွက် နေမှုများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း တင်ပြအပ်ပါသည်။
credit >>> ခင်မိုးမိတ်