ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကန်ပက်လက်မြို့ပေါ်ရှိ ဘုန်တော်ကြီးကျောင်းနှင့်မက်ဒရစ်အသင်းတော်များသို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများနှင့်အလှူငွေများပေးအပ် လှူဒါန်း
အောက်တိုဘာ ၃၊ ကန်ပက်လက်
ချင်းပြည်နယ်၊မင်းတပ်ခရိုင်၊ကန်ပက်လက်မြို့နယ်၊ကန်ပက်မြို့သို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေးသည် မြို့ပေါ်ရှိ မြို့မထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းတိုက်နှင့်မက်ဒရစ်အသင်း တော်များသို့ ယနေ့ ၁၁နာရီ သွားရောက်၍လှူဖွယ်ပစ္စည်းများနှင့်အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အဖွဲ့သည် ကန်ပက်လက်မြို့ရှိ မြို့မထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းတိုက်သို့ ရောက်ရှိလာပြီး တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ ဥတ္တမကို ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့်အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် မြို့ပေါ်ရှိ မက်ဒရစ်အသင်းတော်သို့ ဂိုဏ်းချုပ် ဆရာတော်ဦးမနားနိုင်နှင့်တွေ့ဆုံပြီး အသင်းတော်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်
ဇနီးဒေါ်စိုးဝတ်ရည်၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်ဦးဝဏ္ဏမောင်လွင်နှင့်ဒေါ်လင်းလင်းတင်၊ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးသောင်းအေး၊ ဦးအောင်တင်မြင့်၊ချင်းပြည်နယ်ပါတီဥက္ကဋ္ဌဒေါက်တာမူထန်၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ပြည်နယ်ပါတီကော်မတီဝင်များ၊ မင်းတပ်ခရိုင်ပါတီဥက္ကဋ္ဌဦးအုန်းလွင်နှင်ခရိုင်ပါတီကော်တီဝင်များ၊ကန်ပက်လက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းကန်ပက်လက်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမနားနိုင်းနှင့်မြို့နယ်ပါတီ ကော်မတီဝင်များလိုက်ပါခဲ့ကြောင်း သိရသည်။