ထိပ်သီးစည်းဝေးရန် ပြုံယမ်းသို့ ရောက်လာတဲ့ မွန်ဂျေအင်းကို ကင်ဂျုံးအွန် ကြိုဆို

ပြုံယမ်း၊ စက်တင်ဘာ ၁၈

အခုနှစ်အတွင်းမှာပဲ တတိယအကြိမ်မြောက် ထိပ်သီးစည်းဝေးဖို့အတွက် ပြုံယမ်းလေဆိပ်သို့ စက်တင်ဘာ ၁၈ ရက်မှာ ရောက်ရှိလာတဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က လာရောက်ကြိုဆိုခဲ့ပါတယ်။

ဇနီးသည်ကိုယ်စီပါ လိုက်ပါလာတဲ့ ခေါင်းဆောင်နှစ်ဦးဟာ တွေ့ဆုံကြစဉ် ပွေ့ဖက်နှုတ်ဆက်ကြတာကို မြင်တွေ့ရပါတယ်။

ကိုယ်ပိုင်လေယာဉ်ပေါ်က မွန်ဂျေအင်း ဆင်းလာပြီးနောက် လျှောက်လမ်းမှာ ကင်ဂျုံးအွန်နဲ့ တွေ့ဆုံချိန်မှာ ပွေ့ဖက်နှုတ်ဆက်ကြပြီး စကားပြောဆိုကြပါတယ်။

မွန်ဂျေးအင်းကို မြောက်ကိုရီးယားဂုဏ်ပြုတပ်ဖွဲ့က သေနတ်ကိုင် အလေးပြုပြီး ကြိုဆိုတာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား သဘောတူထားတဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး တန့််ရပ်နေခြင်းကို ပြန်လည်စတင်လုပ်ဆောင်ရန်အတွက် ဆွေးနွေးဖို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းအနေနဲ့ ပြုံယမ်းသို့ လာရောက်တာပဲ ဖြစ်ပါတယ်။

မွန်ဂျေအင်းဟာ မြောက်ကိုရီးယား သုံးရက်တာ ခရီးစဉ်ကို တောင်ကိုရီးယားသမ္မတ တစ်ဦးအနေနဲ့ ရှားရှားပါးပါး လာရောက်တာပဲ ဖြစ်ပါတယ်။

-Ref: AFP