မိုးကုတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပ

 

မိုးကုတ် စက်တင်ဘာ ၁၂

မိုးကုတ်မြို့ ရှမ်းစုရပ်မြို့မ ခန်းမ၌ ကျင်းပသော ဗဟိုအမျိုး သမီးညီလာခံအကြို မိုးကုတ်မြို့ နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲကကျင်းပရာ မန္တလေးတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးအောင်ကျော်မိုး တက် ရောက်အားပေးချီးမြှင့်ခဲ့သည်။

အခမ်းအနားကို အစီအစဉ် သုံးပိုင်းခွဲ၍ကျင်းပကာ အစီအစဉ် ပထမပိုင်းတွင် သဘာပတိအဖွဲ့မှ နေရာယူပြီးနောက် အခမ်းအနား ကို နိုင်ငံတော်အလံအား အလေး ပြု၍ နိုင်ငံတော်သီချင်းဖြင့် သံပြိုင် သီဆိုကာ ဖွင့်လှစ်ခဲ့သည်။

ထို့နောက် မန္တလေးတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဦးအောင်ကျော်မိုးက အဖွင့် အမှာစကားပြောကြား၍ ပါတီဝင် ဒေါ်သွယ်သွယ်ထွန်းက ဗဟိုအမျိုး သမီးညီလာခံအကြို မိုးကုတ်မြို့ နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပမည့် အစီအစဉ်များကို ရှင်း လင်းတင်ပြပြီး အစီအစဉ် ပထမ ပိုင်းပြီးဆုံး၍ သဘာပတိအဖွဲ့မှ ပြန်လည်ထွက်ခွာခဲ့သည်။

မြသောင်းဂျက်ဇ်(မိုးကုတ်)