၂၀၁၈-ကြားဖြတ်ရွေးကောက်ပွဲတွင် သပိတ်ကျင်းမြို့နယ်မှပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်
အမည် – ဦးမြင့်စိုး
လူမျိုး/ဘာသာ – ဗမာ၊ ဗုဒ္ဓ
အသက် – ၄၄ နှစ်(၂၄.၁၀.၁၉၇၄)
မွေးဇာတိ – ထင်းကားကုန်းရပ်၊ ကဘဲ့ရပ်ကွက်၊ သပိတ်ကျင်းမြို့နယ်။
ပညာအရည်အချင်း – B.Sc(Phys:)
အလုပ်အကိုင် – ဓာတ်ပုံရိုက်ကူးရေး
အဖအမည် – ဦးမိုး(ကွယ်လွန်)
အမိအမည် – ဒေါ်မြသိန်း(ကွယ်လွန်)
ဇနီးအမည် – ဒေါ်တင်မိုးနွယ်
သား/သမီးအမည် – မောင်ကျော်ခန့်ဇော်(နည်းပညာတက္ကသိုလ်)၊ မမြတ်မွန်သန့်(စိုက်ပျိုးရေးတက္ကသိုလ်)၊ မောင်မြတ်မင်းခန့်(သစ်တောတက္ကသိုလ်)
ပါတီတာဝန် – မြို့နယ်အတွင်းရေးမှူး၊ သပိတ်ကျင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ။
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေအမှတ်(၁)
——————————————————————-
ဦးမြင့်စိုးအား သပိတ်ကျင်းမြို့နယ် ကဘဲ့ရပ်တွင်မွေးဖွားခဲ့ပြီး သူငယ်တန်းမှ ဒဿမတန်းအထိ(အ.ထ.က)သပိတ်ကျင်းတွင်ပညာသင်ကြားခဲ့ပါသည်။ (၁၉၉၃)ခုနှစ်တွင် ရွှေဘို (အ.ထ.က)(၃)မှ ဒဿမတန်းအောင်မြင်ခဲ့ပြီး ရွှေဘိုဒီဂရီကောလိပ်မှ ရူပဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ရရှိခဲ့ပါသည်။ ဦးမြင့်စိုးသည် သပိတ်ကျင်းနယ်သား၊ သပိတ်ကျင်းဇာတိဖွားဖြစ်ပြီး သပိတ်ကျင်းဒေသအကြောင်း ကောင်းကောင်းသိသူမို့ သပိတ်ကျင်းဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို အကောင်းဆုံးဆောင်ရွက်ပေးနိုင်မယ့်သူဖြစ်ပါတယ်။ ဒါ့ကြောင့်သပိတ်ကျင်းဒေသကို ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ချင်ရင်တော့ သပိတ်ကျင်းအကြောင်း ကောင်းကောင်းသိတဲ့ သပိတ်ကျင်းပြည်သူလူထုအကျိုးကိုအမှန်တကယ်ဆောင်ရွက်ပေးနေတဲ့ ဇာတိသား ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးမြင့်စိုးကို ထောက်ခံမဲပေးလိုက်ကြပါစို့လား……