ဇင်ဘာဘွေ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ အမတ်နေရာအများစု အနိုင်ရ

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ဇင်ဘာဘွေ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ ဇန်နုပီအက်ဖ်ပါတီ (Zanu PF) က အမတ်နေရာအများစု အနိုင်ရရှိသွားတယ်လို့ သြဂုတ် ၁ ရက်နေ့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။

ဇင်ဘာဘွေရွေးကောက်ပွဲ ကော်မရှင်က ရေတွက်ပြီးစီးသမျှ မဲရလဒ်တွေကို သြဂုတ် ၁ ရက်နေ့က ထုတ်ပြန်ရာမှာ အမတ်နေရာ ၂၁ဝ ရှိတဲ့ လွှတ်တော်အတွက် ဇန်နု ပီအက်ဖ်ပါတီက အမတ်နေရာ ၁ဝ၉ နေရာ အနိုင်ရရှိထား ပါတယ်။ အဓိက အတိုက်အခံဖြစ်တဲ့ ဒီမိုကရကရက်တစ် အပြောင်းအလဲလှုပ်ရှားမှု (MDC)  ပါတီက အမတ်နေရာ ၄၁ နေရာ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

ကျန်မဲဆန္ဒနယ် ရလဒ်တွေကို ထပ်မံကြေညာမှာဖြစ်လို့ လက်ရှိအာဏာရ ဇမ်နုပီအက်ဖ်ပါတီ အနေနဲ့ နောက်ထပ် အမတ်နေရာ ၃ဝ ထပ်မံအနိုင်ရခဲ့ပါက အမတ်နေရာ ၃ ပုံ ၂ ပုံထိ ရရှိသွားမှာ ဖြစ်ပါတယ်။

ဇန်နုပီအက်ဖ်ပါတီဟာ ပြီးခဲ့တဲ့လပိုင်းက သမ္မတရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ မူဂါဘီရဲ့ပါတီလည်း ဖြစ်ပါတယ်။

ပါတီကို လက်ရှိ ဇင်ဘာဘွေသမ္မတ မနန်ဂါဂွါက ဦးဆောင်နေတာဖြစ်ပြီး အဓိကပြိုင်ဘက် MDC ပါတီကိုတော့ နယ်လ်ဆင် ချာမီဆာက ဦးဆောင်နေတာ ဖြစ်ပါတယ်။  

-Ref: DVB News