ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲနှင့် ပါတီဝတ်စုံများ ပေးအပ်ခြင်း အခမ်းအနား

 

ရန်ကုန်၊ ဇူလိုင်၊ ၃၊
ရွှေပြည်သာမြို့နယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် အမှတ် (၈) ရပ်ကွက်၌ ကျင်းပပြုလုပ်သော ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ပွဲနှင့် ပါတီဝတ်စုံ (၁၅၀၀) ပေးအပ် လှူဒါန်းခြင်း အခမ်းအနားအား ယနေ့နေ့လည် ၁ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားအား နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ကြပြီး အမှတ် (၈) ရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးဘမြင့်မှ အဆိုပြုလွှာပေးအပ်ခြင်းနှင့် ပါတီဝတ်စုံများ ပေးအပ်ရခြင်း များအား ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ခရိုင်ပါတီဥက္ကဌ ဦးတင်ယုမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပါတီဝင်အဆိုပြုလွှာများနှင့် ပါတီဝတ်စုံ အစုံ ၁၅၀၀ အား (၈) ရပ်ကွက် ဥက္ကဋ္ဌ ဦးဘမြင့်မှ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလင်းအောင်က လက်ခံရယူခဲ့သည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလင်းအောင်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

Chan Mya Aye