စစ်​ကိုင်းတိုင်း​ဒေသကြီး ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပါတီအလံတင်​အခမ်း အနားပြုလုပ်

 

စစ်​ကိုင်းတိုင်း​ဒေသကြီး ၊ မုံရွာမြို့ ၊ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ၊တိုင်း ပါတီရုံး၌ ၊ ယ​နေ့ ဇွန်​လ ၂၇ ရက်​​နေ့ ၊နံနက်​ ၀၉း ၀၀ နာရီအချိန်​က ပါတီအလံတင်​အခမ်း အနားပြုလုပ်​ပါသည်​။
ပါတီအလံတင်​အခမ်းအနားသို့ ၊စစ်ကိုင်းတိုင်းဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ဇော်​ဦးနှင့်​တိုင်းပါတီ​ကော်​မတီဝင်​များ ၊ ပြည်​သူ့ဆက်​ဆံ​ရေးနည်းပြသင်​တန်း သား/သူများ စုစု​ပေါင်း( ၄၇ )ဦးတက်​​ရောက်​ပါသည်​။
အခမ်းအနားတွင်​၊ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေး နှင့်​ဖွံ့ဖြိုး​ရေးပါတီအလံအား လွှင့်​ထူပြီး ၊ နိုင်​ငံ​တော်​အလံအားအ​လေးပြုကာ၊ တက်​​ရောက်​လာသူများက “နိုင်​ငံ​တော်​” သီချင်း သံပြိုင်​သီဆို အဓိဋ္ဌာန်​ပြုခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်​ပုံများရိုက်​ကူးကာ မနက်(၀၉:၁၅)အချိန်တွင် အခမ်းအနားကို ရုတ်​သိမ်းခဲ့ပါသည်​။