သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းစည်းဝေး

 

ရန်ကုန် ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမ၌ယမန် နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသ ကြီး၊ခရိုင်၊မြို့နယ်၊ရပ်ကွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပြည်ခိုင် ဖြိုးပါတီဗဟိုကော်မတီဝင် ရန်ကုန် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးတင်အောင်က ယနေ့အချိန်တွင် ပြည်ခိုင်ဖြိုးပါတီကိုအမှန်တကယ် သက်ဝင်ယုံကြည်ပြီး ခိုင်ခိုင်မာမာ ရပ်တည်ကြမည့်သူများသာ လက် ကျန်အမာခံပါတီဝင်များအဖြစ် ဆက်လက်လုပ်ဆောင်သွားကြမည့် သူများဖြစ်သည်ဟု သုံးသပ်ရရှိပါ ကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသော ရပ်ကွက် ပါတီဥက္ကဋ္ဌများက မိမိတို့ရပ်ကွက် အလိုက်ပါတီဝင်အင်အားတိုးတက် ခိုင်မာလာအောင် ကြိုးစားဆောင် ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်စန်းစန်း ဝင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည် ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်ဇာ ခြည်လင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးနိုင်အောင်နှင့် သင်္ဃန်းကျွန်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီ (ယာယီ) ဥက္ကဋ္ဌဦးခင်မောင်ဌေးတို့က ရှေ့ လုပ်ငန်းစဉ်များကို ဆွေးနွေးပြော ကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော ရပ်ကွက် ပါတီဥက္ကဋ္ဌများက ရပ်ကွက်အလိုက် အခြေအနေများနှင့် ယနေ့ပြည်သူ များကြုံတွေ့နေရသော အခက်အခဲ များကိုတင်ပြကြပြီး သိလိုသည် များကို ဆွေးနွေးမေးမြန်းသည်။

မေးမြန်းချက်များကို တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်း ပြောကြားပြီး ပါတီဗဟိုကော်မတီ ဝင် တိုင်းဒေသကြီးပါတီကော်မတီ ဝင် ဦးတင်အောင်က နိဂုံးချုပ် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုကော်မတီဝင် ရန်ကုန် တိုင်းဒေသကြီး ပါတီကော်မတီဝင် များဖြစ်ကြသော ဦးတင်အောင်၊ ဒေါ်စန်းစန်းဝင်း၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဇာ ခြည်လင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးနိုင်အောင်၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ (ယာယီ) ဥက္ကဋ္ဌ ဦးခင်မောင်ဌေးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ပါတီ ဥက္ကဋ္ဌများနှင့် ပါတီဝင်အင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၃ နာရီ တွင်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကြည်သိန်း(သင်္ဃန်းကျွန်း)