ဥတ္တရသီရိမြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးတက်ရောက်

 

နေပြည်တော် ဇွန် ၂၁

နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက်ပိုင်းက ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့်ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ ဥတ္တရသီရိမြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးက ပြည်ခိုင်ဖြိုး ပါတီ၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပြည်သူများ၏အခက်အခဲများအား ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိကြောင်း ပါတီဝင်လူငယ်များအား လက်တွဲ၍နေရာပေး လက်တွဲခေါ်ဆောင်လျက် ရှိပြီး ယခုမြို့နယ်အဖွဲ့အား ပြန်လည်၍ မြို့နယ်ယာယီကော်မတီအဖွဲ့အား အသစ်ပြန်လည်ဖွဲ့စည်း ပေးခဲ့ပြီး ပါတီတာဝန်များကို တာဝန်ပေးအပ်ကာ မိမိတို့တာဝန်ယူရသည့်အခန်းကဏ္ဍများအား ကြိုးစားဆောင်ရွက်စေလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

ပေါ်ဦး(နေပြည်တော်)