မင်္ဂလာဒုံတွင်ပြည်ခိုင်ဖြိုးပါတီဝင် နာရေးကူညီထောက်ပံ့

 

ရန်ကုန် ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ ဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှမင်္ဂလာ ဒုံမြို့နယ် ပလရရပ်ကွက် ကြူစမ်း ရွာမ ပြည်ခိုင်ဖြိုးပါတီဝင် နှစ်ဦး ကွယ်လွန်သည့်အတွက် ထောက်ပံ့ ငွေများအားယမန်နေ့ကမြို့နယ်ပါတီ မှ ကော်မတီဝင် ဦးကျော်သန်း၊ ဦးဝင်းသန်းနှင့် နယ်မြေတာဝန်ခံ ဦးမြင့်ကျော်၊ရပ်/ကျေးပါတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များမှ ကွယ်လွန် သူ၏မိသားစုဝင်များအား တစ်ဦး လျှင် ကျပ်နှစ်သိန်းစီ သွားရောက် ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။

ဝင်းသန်း(မင်္ဂလာဒုံ)