ရီးရဲလ်တွင် ဆက်နေဖွယ်ရှိသည်ဟု စီရော်နယ်ဒိုအရိပ်အမြွက်ပြောကြား

တိုက်စစ်မှူး စီရော်နယ်ဒိုက သူ့နေနဲ့ရီးရဲလ်အသင်းမှာသာ ဆက်နေဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောကြားလိုက် ပါတယ်။ လီဗာပူးကို(၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အပြီး နောက်တစ်နေ့အောင်ပွဲခံအခမ်းအနား မှာ စီရော်နယ်ဒိုက “နောက်နှစ်မှာထပ်တွေ့မယ်” လို့ အသင်းပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။

 ရီးရဲလ်ပရိသတ်တွေဟာ စီရော်နယ်ဒိုနာမည်ကို အော်ဟစ်ပြီး သူရဲကောင်းတစ်ယောက်လိုကြိုဆိုခဲ့ကြပါတယ်။ ဆက်လက်ပြီး တိုက်စစ်မှူး စီရော်နယ်ဒိုက “ကမ္ဘာ့အကြီးကျယ်ဆုံး ကလပ်အသင်းမှာ ကစားရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီမှာ ကျွန်တော်နေသားကျနေပါပြီ။ ဒီကစားသမားစုဖွဲ့မှုနဲ့ အောင်မြင်မှု မရဘူးဆိုတာ မဖြစ်နိုင်ပါဘူး”လို့ ဖွင့်ဟခဲ့ပါတယ်။ အစောပိုင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးနောက် စီရော်နယ်ဒိုက ရီးရဲလ်အသင်းမှာ သူ့အနာဂတ်ရေရာမှုမရှိဘူးလို့ ထုတ်ပြောကြားခဲ့ပါတယ်။

-Ref; Sky sports