ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်

ဟင်္သာတ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ဦးခင်မောင်ရီ၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင် နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ် အရန်ပါတီကော်မတီဝင်များ၊ သင်တန်းတက်ရောက်ကြမည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ၊ တောင်သူလယ်သမားရေးရာတာဝန်ခံများ၊ အလုပ်သမားရေးရာတာဝန်ခံများ၊ လူငယ်ရေးရာတာဝန်ခံ များ၊ အမျိုးသမီးရေးရာတာဝန်ခံများ တက်ရောက်ခဲ့ကြပြီး သင်တန်းသားသင်တန်းသူ စုစုပေါင်း ၇၅ ဦး သင်တန်းသို့ တက်ရောက်ကြသည်။ အဆိုပါ သင်တန်းကို ယနေ့နှင့် ယခုလ ၂၆ ရက် နှစ်ရက် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

The Union Daily