ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီးဒေါ်စိုးဝတ်ရည် မဟာမြိုင်တောရကျောင်းတိုက် သဲဖြူဆရာတော် အား ဖူးမျှော်ကြည်ညို၍ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဇနီးဒေါ်စိုးဝတ်ရည်တို့သည် နံနက်၆နာရီက ကလေးဝမြို့နယ်၊မဟာမြိုင်တောရကျောင်းတိုက်၊သာသနာပြုသဲဖြူဆရာတော်ဘဒ္ဒန္တပညာဇောတအား ဖူးမျှော်ကြည်ညို၍ အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။

ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်ဇနီးဒေါ်စိုးဝတ်ရည် တို့အဖွဲ့သည် သဲဖြူဆရာတော်အား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီးနောက် သင်္ကန်းအစရှိသောလှူဖွယ်ပစ္စည်းများနှင့်ဝတ္တုငွေများကို လှူဒါန်းခဲ့ကာ ဆရာတော်ထံမှ သာဓုအနုမောဓနာ တရား နာယူခဲ့ကြသည်။

ဆက်ကပ်လှူဒါန်းရာသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဇနီးဒေါ်စိုးဝတ်ရည်တို့နှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဇနီးဒေါ်မြင့်မြင့်စိုး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် ဇနီးဒေါ်လင်းလင်းတင်၊ ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးနယ်မြေတာဝန်ခံဦးမြင့်စိုး၊ဗဟိုလူငယ်ရေးရာကဏ္ဏတာဝန်ခံဒေါက်တာအောင်မြတ်ဦးနှင့်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ ဗဟိုကော်မတီဝင်များ၊တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးအောင်ဇော်ဦးနှင့်တိုင်းကော်မတီဝင်များ၊ကလးခရိုင်နှင့်ကလေးဝမြို့နယ်တို့မှ ပါတီဥက္ကဌများနှင့် အတွင်းရေးမှူးများ၊မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါခဲ့ကြောင်းသိရသည်။

မဟာမြိုင်တောရကျောင်းတိုက်၊သာသနာပြုသဲဖြူဆရာတော်ဘဒ္ဒန္တပညာဇောတသည် ၁၀၈တောင်အမြင့် ဆောင်သည့် လေးကျွန်းရန်အောင်စေတီတော်ကြီး အား တည်ဆောက်ခြင်း၊နေ့စဉ် လူ၅၀၀ကျော်ခန့်အား တစ်နေ့လျှင် ၃ကြိမ် အာဟာရဒါနကျွေးမွေးခြင်း၊ရွှေတိဂုံစေတီ ပုံတူ(ဉာဏ်တော်အနည်းငယ်သာနိမ့်)စေတီတော်ကြီးတည်ဆောက်ရန်စီစဉ်နေခြင်း၊မဟာမြိုင်တောအတွင်း ကျွန်းပင်၊ထန်းပင်၊သရက်ပင်၊ ပိန္နဲပင်၊သံပုရာပင်၊ကျွဲကောပင် အစရှိသည့် ထောင် ပေါင်းများစွာသော သစ်ပင်များအား စိုက်ပျိုးထားခြင်း၊မူကြိုမှ ဒဿမတန်းအထိ ကျောင်းသား/ကျောင်းသူများအား အခမဲ့ပညာသင်ကြားပေးခြင်း အစရှိသော သာသနာပြုလုပ်ငန်းပေါင်းများစွာတို့အား လုပ်ကိုင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။