ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးဖွင့်လှစ်သောအခြေခံ စက်ချုပ်သင်တန်း အမှတ်စဉ်(၁)ဆင်းပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယနေ့နံနက် ၉ နာရီက အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ၁/၂ဝ၁၇ ဆင်းပွဲအခမ်းအနား ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီး ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦးက သင်တန်းဆင်းအမှာစကားပြော ကြားသည်။

ဆက်လက်၍ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမြစိုးက အခြေခံစက်ချုပ်သင်တန်း ဖွင့်ပေးရခြင်း၏ရည်ရွယ်ချက်များအကြောင်း ပြောကြား၍ သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးမော်က သင်တန်းပြီး မြောက်သွား၍ သင်တန်းမှ သင်ကြားပေးလိုက်သော နည်းပညာများကို မမေ့မပျောက်အောင် ဆက်လက်လေ့လာကြပါရန် မသိတာ များကို အချိန်မရွေးလာရောက် မေးမြန်းဆွးနွေး နိုင်ပါကြောင်း မိသားစုအတွက်တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိအောင် အိမ်ထောင်စုအတွက် အထောက်အကူဖြစ် အောင် သင်ကြားပေးလိုက်သော ပညာများဖြင့် ဆက်လက်လုပ် ဆောင်သွားကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းဆင်း လက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်၍ သင်တန်းသူ တစ်ဦး က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ သင်တန်းကို သြဂုတ်လ ၁၁ ရက်မှ ယနေ့အထိ ဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၆၃ ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနား သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် နှင့် ကြက်ခြေနီတပ်ဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ အမျိုး သမီးရေးရာအဖွဲ့၊ ဖိတ်ကြားထားသောဧည့်သည် များနှင့်  သင်တန်း သူသင်တန်းသားများ တက်ရောက် ကြကြောင်း သိရသည်။

တင်မြင့်(နတ်တလင်း)