ပြည်ခိုင်ဖြိုးပါတီမှ (၇၈) နှစ်မြောက် ဆရာတော်အသျှင် ဦးဥတ္တမနေ့ အခမ်းအနား ဂါရ၀ပြု လွမ်းသူ့ပန်းခွေဆက်ကပ်

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော (၇၈)နှစ် မြောက် ဆရာတော်အသျှင် ဦးဥတ္တမနေ့အား ပြည်ခိုင်ဖြိုးပါတီမှ ဂါရ၀ပြု လွမ်းသူ့ပန်းခွေ ဆက်ကပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ကြသည်။

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဥတ္တမ ပန်းခြံအတွင်းရှိ ဆရာတော်ဦး ဥတ္တမကြေးရုပ်ထုအား နံနက် (၈း၁၅)အချိန်မှ စတင်၍ ပြည်နယ်ပါတီရုံးမှ ဦးဥတ္တမပန်းခြံသို့ မင်္ဂလာစည်တော် တီးခတ်၍ သွားရောက်ခဲ့ကြပြီး ဂါရ၀ပြုလွမ်းသူ့ပန်းခွေ ဆက်ကပ် ကန်တော့ခဲ့ကြသည်။

အဆိုပါ လွမ်းသူ့ပန်းခွေ ဆက်ကပ်ကန်တော့ခြင်း အခမ်းအနားတွင် (ပါတီ ဗဟိုအလုပ်အမှုဆောင်) ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ် ပါတီ အတွင်းရေးမှူး ဦးသန်းဝေ၊ ဘဏ္ဍာရေးမှူး ဦးသန်းထွန်း၊ ပြည်နယ် ကော်မတီဝင် ဦးစန်းငွေ၊ စစ်တွေခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးပါဥက္ကဋ္ဌများ၊ လူငယ်ရေးရာအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား(၃၀၀)ကျော် တက်ရောက်ဦးချကန်တော့ခဲ့ကြပါသည်။

Arakha Development News