ငပုတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေး ကျင်းပ

 

ငပုတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကို ၃၀.၈.၂၀၁၇ရက်နေ့နံနက် ၁၀း၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ တက်ရောက်လာကြသော တိုင်း/ခရိုင်/ မြို့နယ်ပါတီကော်မတီဝင်များမှ နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုကျပြီးနောက် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်း  ဖက်မှုများအား ငပုတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကန့်ကွက်ရှုံ့ချကြောင်းနှင့် အပြစ်မဲ့ကျဆုံးသွားသော ပြည်သူများ၊ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက် ဂါရ၀ပြုခဲ့ ကြပါသည်။

ဆက်လက်ပြီး ကြားဖြတ်ရွေးချယ်ပွဲ အခမ်းအနားအား ဒီမိုကရေစီနည်းကျ စွာဖြင့် ရွေးချယ်တင်မြှောက်ပွဲအား ပြုလုပ်ပြီး ကြွေးကြော်သံများဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ံ

YiYi Myint