ရခိုင်ပြည်နယ် တည်ငြိမ်ရေးအတွက် နိုင်ငံရေးပါတီ ၂၈ ခု တိုက်တွန်း

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်တစ်ပြည်နယ်လုံးတွင် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံမှု အပြည့်အဝရရှိရေး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အလေးအနက်ထား ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ပြည်ခိုင်ဖြိုးပါတီ အပါအဝင် ၂၈ ပါတီက ပူးတွဲကြေညာ ချက်ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများသည် ကျေးလက်ဒေသများမှ မြို့ပြဒေသများအထိ ကူးစက်ပြန့်ပွားလာပြီး ဆက်တိုက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများ ကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရခိုင်ဒေသ အကြမ်းဖက်တိုက်ခိုက်မှုများ၌ ပါဝင်ကျူးလွန်သူများ၊ အားပေးကူညီသူများ၊ စီစဉ်ဆောင်ရွက်သူများ၊ ပူးပေါင်းကြံစည်သူများ၊ ငွေကြေးထောက် ပံ့သူများကို ပြဋ္ဌာန်းထားသည့် တည်ဆဲအကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်၍ ဖော်ထုတ် အရေးယူရန် လိုအပ်ကြောင်း ပါရှိသည်။

အဆိုပါ ကြေညာချက်ကို ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမို ကရက်တစ်ပါတီ (မြန်မာ)၊ ရခိုင် အမျိုးသားအင်အားစုပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)၊ မြန်မာနိုင်ငံ တောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၊ ‘ဝ’ ဒီမိုကရက်တစ် စသည့် ပါတီများ အပါအဝင် ၂၈ ပါတီက ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။