စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးကျင်းပ

(၂၃.၈.၂၀၁၇)ရက်နေ့ နံနက်(၀၉း၃၀)အချိန်တွင် စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေး ကျင်းပ ရာ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန် ခံ ဦးဝဏ္ဏမောင်လွင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းကော်မတီဝင်များ၊ ကျောက်ဆည်ခရိုင်ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ စဥ့်ကိုင်မြို့နယ် ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးအဖွဲ့များ၊ ရွေးချယ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး လစ်လပ်မြို့နယ်ကော်မတီနေရာအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ရွေးချယ်ခဲ့ပါသည်။ ရွေးချယ်ပွဲအပြီးတွင် ဗဟို အလုပ်အမှုဆောင်ဦးဝဏ္ဏမောင်လွင်မှ တက်ရောက်လာကြသူများအား နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး