ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး လူငယ်ထုနှင့်အမျိုးသမီးထုတွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ထုနှင့်အမျိုးသမီးထု တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံး၌ကျင်းပရာ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုအလုပ်အမှုဆောင်လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ တိုင်းဒေသကြီးခရိုင်၊ မြို့နယ်လူငယ်နှင့် အမျိုးသမီးရေးရာတာဝန်ခံများ၊ လူငယ်နှင့်အမျိုးသမီးရေးရာ ပါတီဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ နိုင်ငံတော်သီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့က အမှာစကားပြောကြားသည်။ ထို့နောက် ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းနှင့် လူငယ်ရေးရာတာဝန်ခံ ဒေါ်သင်းသင်းမိုးတို့က လူငယ်နှင့်အမျိုးသမီးရေးရာ ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးကြပြီး ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)