ဘီးလင်းပြည်ခိုင်ဖြိုးပါတီ လုပ်ငန်ညှိနှိုင်းအစည်းအဝေးကျင်းပ

ကျိုက်ထို၊ သြဂုတ် ၂၀

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဘီးလင်းပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင် ယနေ့ သြဂုတ် ၂၀ ရက်နေ့ နေ့လည် ၁၂နာရီတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာခင်မောင်သွင်မှ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ပြည်နယ်ပါတီ၏ ဆောင်ရွက်ချက်များ၊ ပါတီအဆင့်ဆင့်၏လမ်းညွှန်ချက်များအား ချပြ ဆွေးနွေးပါသည်။

ထို့နောက်မြို့နယ်ပါတီကော်မတီဝင်များ၊ နယ်မြေတာဝန်ခံများ၊ ရပ်ကျေး စည်းရုံးရေးမှူးများမှ မိမိတို့မြို့နယ်၊ ရပ်ကျေးပါတီအခြေအနေများအား လည်းကောင်း၊ ရေးရာတာဝန်ခံများမှ ရေးရာအလိုက် ဆာင်ရွက်ထားရှိမှု များအား လည်းကောင်း တင်ပြဆွေးနွေးကြပြီး ပြည်နယ်ပါတီကော်မတီ ဝင်မှ ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့သည်။

၎င်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာ ခင်မောင်သွင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးစည်းရုံး ရေးမှူးများတက်ရောက်ကြကြောင်း သိရသည်။

#Ayemintun