မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂ဝ၁၇)ကျင်းပ

 

မန္တလေးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၁/၂ဝ၁၇)ကို ယနေ့မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီး ပါတီ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် အခမ်း အနားမှူးက ပြီးခဲ့သည့်အစည်း အဝေးများက ဆုံးဖြတ်ချက်ချမှတ် ခဲ့သော ပါတီလုပ်ငန်းဆောင်ရွက်မှု ဆုံးဖြတ်ချက်များကို အစည်းအဝေး သို့ တင်ပြပြီးနောက် အဆိုပါ ဆုံး ဖြတ်ချက်များကို ပါတီဗဟိုဌာန ချုပ်သို့ ဆက်လက်တင်ပို့သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်း ဒေသကြီးဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နောက်တိုင်းဒေသကြီးပါတီအတွင်း ရေးမှူး ဦးအောင်ကျော်မိုးက တိုင်း ဒေသကြီးပါတီ၏ ပါတီလုပ်ငန်း ဆောင်ရွက်ချက်များကို တင်ပြ ဆွေးနွေးခဲ့ကာ အစည်းအဝေး သို့ တက်ရောက်လာသော တိုင်း ဒေသကြီး ပါတီကော်မတီဝင်များ က ၄င်းတို့၏ ကဏ္ဍအလိုက် ပါတီ လုပ်ငန်းဆောင်ရွက်ချက်အသီးသီး ကို ဆက်လက်တင်ပြဆွေးနွေးခဲ့ ကြသည်။
ဆက်လက်၍ အစည်းအဝေး သို့တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်များမှ တာဝန်ရှိသူများက သက်ဆိုင်ရာနယ်မြေအလိုက် ပါတီ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေး ခဲ့ကာတင်ပြလာမှုများအပေါ် တိုင်း ဒေသကြီးပါတီမှ တာဝန်ရှိသူများ က ပြန်လည်ညှိနှိုင်းမှုများပြုလုပ် ၍ အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က နိဂုံး ချုပ်စကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းခဲ့သည်။
ယနေ့ကျင်းပသည့် အစည်း အဝေးသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင် ခုနစ် ခရိုင်နှင့် မြို့နယ် ၂၈ မြို့နယ်မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ဘဏ္ဍာရေးမှူးများအပါအဝင် စုစု ပေါင်းအင်အား ၁၂ဝ ခန့် တက် ရောက်ခဲ့ကြောင်း သိရသည်။

သုတ