အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကျင်းပမည့် ဇန်နဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့တွင်းရှိ ကားလမ်းမအချို့ ခေတ္တပိတ်မည်

ရိုးမ – ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကျင်းပမည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ တနင်္ဂနွေနေ့တွင် အချို့လမ်းမကြီးများနှင့် လမ်းသွယ်များကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများ ဖြစ်ကြသည့် Yoma Strategic Holdings, First Myanmar Investment (FMI) နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC) တို့မှ ကြေညာလိုက်သည်။

ပြိုင်ပွဲကို ဘေးအန္တရာယ်ကင်းရှင်းစွာ ကျင်းပနိုင်ရေးအတွက် အောက်ပါလမ်းများ အပါအဝင် လမ်းအချို့ကို လမ်းအပြည့် သို့မဟုတ် လမ်းတစ်ဝက်ပိတ်ထားမည်ဟု ယာဉ်မောင်းသူများ သိရှိစေရန် ကြေညာထားသည်-

ယင်းကဲ့သို့ ကားလမ်းများကို ပိတ်ရာတွင် အချက်ပြအမှတ်အသားများ စိုက်ထူထားမည့်အပြင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲYဝင်များကလည်း လမ်းကြောင်းများကို စနစ်တကျ စီမံခန့်ခွဲ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း လည်း သိရသည်။

အပြေးပြိုင်ပွဲဝင်သူများအနေဖြင့် ပြိုင်ပွဲအမျိုးအစား အမျိုးမျိုးအတွက် ပြေးလမ်းကြောင်းများကို ယခင် ကျင်းပ ခဲ့သောပြိုင်ပွဲများကထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်တိုးမြင့်ပေးထားပြီး ပြိုင်ပွဲအမျိုးအစားအားလုံး၏ တာထွက်ရာနှင့် ပန်းဝင်ရာဖြစ်သော သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းနှင့်အတူ အပြည့်မာရသွန်
(၄၂.၁၉၅ ကီလိုမီတာ) ပြေးလမ်းကြောင်းတွင် ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရား၊ အင်းလျားကန်တို့အပြင် အခြားအထင်ကရနေရာများလည်း ပါဝင်မည်ဖြစ်သည်ဟု သိရသည်။  # Eleven