ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နယ်မြေဆင်း ဆောင်ရွက်

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များသည် ဒီဇင်ဘာ (၁၃) ရက် နံနက်(၁၀)နာရီ အချိန်က အင်းရဲတိုက်နယ် အင်းရဲကျေးရွာ၊ အင်းမကျေးရွာ၊ ပျဉ်းကတိုးကုန်းကျေးရွာ၊ ကွင်းဆင်း၍ အင်းရဲကျေးရွာပြည်ခိုင်ဖြိုးပါတီရုံး၌ ရပ်မိရပ်ဖများ၊ ပါတီဝင်များနှင့် တွေဆုံပွဲတစ်ရပ်ကျင်းပခဲ့ပါသည်။
တိုက်နယ်တာဝန်ခံ မှ တွေ့ဆုံရခြင်းအကြောင်းရင်းပတ်သက်၍ လည်းကောင်း၊ ယနေ့ ဖြစ်ပေါ် နေသော နိုင်ငံရေးအခြေအနေများ၊ ဒေသတွင်းစိန်ခေါ်မှုများနှင့်ပတ်သက်၍လည်းကောင်း၊မီဒီယာတာဝန်ခံမှ မီဒီယာအကြောင်းရှင်းလင်းပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ စည်းရုံးရေးမှူးများ အမှုဆောင်များမှ လုပ်ဆောင်ချက်များ၊ အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ကြပြီးတိုက်နယ်တာဝန်ခံမှပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Kyaw lay


Leave a Reply