၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့်နေရာများအတွက် NDF ထုတ်ပြန်
၂၀၁၇၊ ဧပြီလ၊ ကြားဖြတ်ရွေးကောက်ပွဲ၏ လစ်လပ်မဲဆန္ဒနယ်မြေများတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက နိုဝင်ဘာ (၂၈) ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
သတင်းထုတ်ပြန်ချက်တွင် လစ်လပ်မဲဆန္ဒနယ်မြေဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့ လွှတ်တော်တွင် ဦးအောင်ဇင်၊ ဒဂုံအရှေ့မြို့နယ် ပြည်သူ့လွှတ်တော်တွင် ဦးကြီးမြင့်၊ လှိုင်သာယာမြို့နယ် ပြည်သူ့ လွှတ်တော်တွင် ဦးသက်ထွန်းမောင်၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဒေါက်တာလှမျိုး၊ အမျိုးသား လွှတ်တော်၊ မဲဆန္ဒနယ်မြေအမှတ်(၆)တွင် ဦးခိုင်မောင်ရည်၊ ပဲခူးတိုင်းဒေသရှိ အမျိုးသားလွှတ်တော၊် မဲဆန္ဒ နယ်မြေအမှတ်(၄)တွင် ဦးစိန်ထွန်းတို့က ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဟု ပါရှိသည်။
# Mizzima