နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် မိသားစု ဆွမ်းသပိတ်အလုံး၁ဝဝ နှင့်လှူဖွယ်ဝတ္ထုများလှူဒါန်း
မိတ္ထီလာမြို့ နန်းတော်ကုန်း ရပ်ကွက် နဂါးရုံမဟာဗောဓိစေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဆွမ်း သပိတ်အလုံး ၁၂ဝဝ ကျော် လှူဒါန်းဆက်ကပ်ပွဲကို ယခုလ ၁၄ ရက် နံနက် ၄ နာရီက ယင်းစေတီတော်ရှိ ပညာဓိကတန် ဆောင်း၌ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ၊ နိုင်ငံတော် သမ္မတ(ငြိမ်း)ဦးသိန်းစိန် မိသားစုမှ ဆွမ်းသပိတ် အလုံး ၁ဝဝ နှင့် လှူဖွယ်ဝတ္ထုများ ပါဝင်လှူဒါန်းကြောင်း သိရသည်။
အဆိုပါ ဆွမ်းသပိတ်လှူဒါန်း ဆက်ကပ်ပွဲတွင် နိုင်ငံတော်သမ္မတ (ငြိမ်း)ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစုမှ ဆွမ်းသပိတ် အလုံး ၁ဝဝ နှင့် လှူဖွယ်ဝတ္ထုများ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် (ငြိမ်း) ဦးရဲမြင့်နှင့် ဇနီး ဒေါ်မြတ်ငွေ မိသားစုမှ ဆွမ်းသပိတ်အလုံး ၅ဝ နှင့် လှူဖွယ်ဝတ္ထုများ၊ မိတ္ထီလာ အမှတ်(၁) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးနှင့် ဇနီး ဒေါ်ချယ်ရီ မိုးသိန်း မိသားစုမှ ဆွမ်းသပိတ် ၁ဝ လုံးနှင့် လှူဖွယ်ဝတ္ထုများ လှူဒါန်းမှုကို မိတ္ထီလာ-မလှိုင် မဲဆန္ဒနယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်/ ကျေး ပါတီကော်မတီဝင်များက ပင့်သံဃာတော်များအား ဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သိရသည်။
မောင်မောင်(ထီလာ)