ဟင်္သာတတွင် ပါတီမျက်နှာစုံညီအစည်းအဝေး ပြန်လည်ရွေးချယ် ဖွဲ့စည်းရေးအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ မျက်နှာစုံညီအစည်း အဝေးနှင့် ပြန်လည်ပြင်ဆင်ရွေး ချယ်ဖွဲ့စည်းခြင်း အခမ်းအနားကို ဇွန် ၂၈ ရက် နံနက် ၉ နာရီခွဲ က ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးခင်မောင်ရီနှင့် အတူ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်နှင့်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၂၄ အုပ်စုတို့မှ ပါတီကိုယ်စား လှယ်များ၊ အရပ်ဘက်အဖွဲ့အစည်း များ၊ဖိတ်ကြားထားသူများစုစုပေါင်း ၂၃ဝ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသ ကြီးပါတီကော်မတီဝင်ဦးခင်မောင် ရီက သဘာပတိအဖြစ်ဆောင်ရွက် ခဲ့ပြီး အဖွင့်အမှာစကားပြောကြား ကာဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးညွန့်ဦးက ဂုဏ်ပြု အမှာစကားပြောကြားပြီး နောက် မြို့နယ်ပါတီကော်မတီအဖွဲ့ ဝင်ဦးဌေးဝင်း(၁)က မြို့နယ်ပါတီ ၏လုပ်ငန်းဆောင်ရွက်ချက်အစီရင် ခံစာကို ဖတ်ကြားတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်ပါတီကော် မတီဝင်(ဟောင်း)များ နုတ်ထွက် ခြင်းပါတီကော်မတီဝင်(အသစ်) များနှင့် အရန်မြို့နယ်ပါတီကော် မတီဝင်များ၏ အမည်စာရင်းကို တင်သွင်းခြင်း၊ အတည်ပြုခြင်း၊ ကြေညာခြင်းနှင့် မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ ဘဏ္ဍာ ရေးမှူးများရွေးချယ်ခြင်း၊ တာဝန် များအပ်နှင်းခြင်း၊ ကော်မတီဝင် အသစ်များက ကတိသစ္စာပြုခြင်း များပြုလုပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာ ကြသူများက ခရိုင်ပါတီမျက်နှာ စုံညီအစည်းအဝေးသို့ တက်ရောက် မည့်ကိုယ်စားလှယ်များရွေးချယ် ခြင်းနှင့် အတည်ပြုကြေညာခြင်း များပြုလုပ်၍သဘာပတိကနိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်း အနားကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ဇော်ဇော်ကျော်ကျော်(ဟင်္သာတ)


Leave a Reply