မြို့နယ် ၁၃ ခုအတွက် မီတာဘီလ်များကို CB Bank မိုဘိုင်းဘဏ်စနစ်ဖြင့် ပေးချေနိုင်ရန် ဆောင်ရွက်

မြို့နယ် ၁၃ ခုအတွက် မီတာဘီလ်များကို CB Bank မိုဘိုင်းဘဏ်စနစ်ဖြင့် ပေးချေနိုင်ရန် ဆောင်ရွက်လိုက် ကြောင်း အဆိုပါဘဏ်မှ သိရသည်။

မရမ်းကုန်း၊ လှိုင်သာယာ၊ ဗဟန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ လှိုင်၊ စမ်းချောင်း၊ ဒဂုံ၊ ကမာရွတ်၊ အင်းစိန်၊ ရွှေပြည်သာ၊ လမ်းမတော်၊ လသာမြို့နယ်များမှ မီတာဘီလ်များကို CB Bank’s Mobile Banking မှ တိုက်ရိုက်ပေးဆောင်နိုင် မည်ဖြစ်သည်။

သတ်မှတ်ထားသော နောက်ဆုံးပေးဆောင်ရမည့်ရက်ထက် (၂) ရက်ကြို ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ကြွေးကျန် ရှိမည်ဆိုပါက ပေးဆောင်၍ ရရှိမည်မဟုတ်ကြောင်း သိရသည်။

မိုဘိုင်းဘဏ်စနစ်ကို Login ဝင်ပြီး Payment နေရာမှတစ်ဆင့် ဝင်ရောက်ကာ YESC Bill Payment နေရာတွင် ပေးဆောင်နိုင်မည်ဖြစ်သည်။

မီတာစာရွက်ပေါ်တွင်ရှိသော ကုတ်နံပါတ်များရိုက်နှိပ်ကာ ကျသင့်ငွေပေးဆောင်ပြီးနောက် Success အမှတ် အသား ညွှန်ပြပြီးပါက မိုဘိုင်းဘဏ်စနစ်မှ မီတာဆောင်ခြင်း ပြီးမြောက်ပြီဖြစ်ကြောင်း သိရသည်။

Internet Journal


Leave a Reply