မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ပတ်ကုန်းဝန်းကျင်ရပ်ကွက်ရှိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲမှ ၂ နာရီခွဲအထိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဦးရဲမြင့်၊ ဗဟို အလုပ်အမှု ဆောင် ဦးမြင့်စိုး၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းမောင်နှင့် တိုင်းပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီးအတွင်း ရှိခရိုင်မြို့နယ်များမှ အတွင်းရေးမှူး များနှင့်ကော်မတီဝင်များ၊ ပါတီ အဆင့်ဆင့် ပြန်လည်ရွေးချယ်ဖွဲ့ စည်းရေးကြီးကြပ်မှုကော်မတီဝင်များ စုစုပေါင်း ၁၄ဝခန့် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်က ယခုအခါရပ်ကွက် ကျေးရွာအုပ်စု ပါတီအဖွဲ့များ ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းပြီးဖြစ်သည့်အတွက် မြို့နယ် ခရိုင် တိုင်းပါတီပြန်လည် ပြင်ဆင်ဖွဲ့စည်း ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပါတီပြင်ဆင်ဖွဲ့စည်းရာတွင်ပြည်သူ လူထုအကျိုး အမှန်တကယ်သယ်ပိုး ဆောင်ရွက်မည့်သူများရွေးချယ်ပေး ရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဗဟိုအလုပ်အမှု ဆောင်ဦးမြင့်စိုးကပါတီ၏ရှေ့လုပ် ငန်းစဉ်များကို ရှင်းလင်းပြောကြား ခဲ့ပြီး မြို့နယ်ပါတီအတွင်းရေးမှူး များက ရပ်ကွက်ကျေးရွာ အုပ်စု များ ပြင်ဆင်ဖွဲ့စည်းပြီးစီးမှုအခြေ အနေများ၊ တွေ့ကြုံရသည့် အခက်အခဲများတင်ပြခဲ့ရာ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်က တင်ပြ ချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း၊ ယင်းနောက် တိုင်းဒေသကြီးပါတီ အတွင်းရေး မှူး ဦးဝင်းမောင်က ပါတီပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးဆိုင် ရာလုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌက တိုင်းဒေသကြီး ခရိုင် မြို့နယ်အဆင့် ပြန်လည်ရွေး ချယ်ဖွဲ့စည်းရေးကိစ္စများနှင့် ပတ် သက်၍ ပါတီဗဟိုမှထုတ်ပြန်ထားသောဥပဒေ၊ နည်းဥပဒေများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ ပြီးဗဟိုအလုပ်အမှုဆောင်ဦးမြင့်စိုးက နိဂုံးချုပ်စကားပြောကြား ခဲ့သည်။

သုတ


Leave a Reply