စီးပွားရေးကြော်ငြာရိုက်ကူးမှုတွင်လည်း သရဖူဆောင်းနေသည့် ဆောင်းဂျုံကီ

ယခုလက်ရှိတွင် အာရှတစ် လွှား၌လွမ်းမိုးမှုအားကောင်းနေ လွန်းသည့် အသက်(၃ဝ)အရွယ် မင်းသားဆောင်းဂျုံကီသည် ၂ဝ၁၆ ခုနှစ် မတ်လကတည်းက သုံးလ တိုင်တိုင် စီးပွားရေးကြော်ငြာရိုက် ကူးမှုများတွင်လည်း နံပါတ်တစ် နေရာတွင် ထိပ်ဆုံးမှရပ်တည်နေ ခဲ့ကြောင်းသိရသည်။ ကိုရီးယား နာမည်ကျော်စောသူများအဖွဲ့အစည်း ၏ပြောကြားချက်အရ ဆောင်းဂျုံ ကီသည် ၂ဝ၁၆ ခုနှစ် မေလ၏ လွှမ်းမိုးနိုင်ဆုံးသောမော်ဒယ်အဖြစ် ကျော်ကြားမှုသရဖူကိုဆောင်းနိုင် ခဲ့ကြောင်း သိရသည်။
၎င်း၏နောက်တွင် အောင်မြင် မှုနှင့် လွှမ်းမိုးမှုအရှိဆုံးသောပုဂ္ဂိုလ် အဖြစ် ရပ်တည်နေသူမှာ Seattle Mariners မှ ဘေ့စ်ဘောကစား သမား Dae Ho ဖြစ်ပြီး တတိယ နေရာတွင် ရပ်တည်နေသူမှာ Cheese in the Trap ဇာတ်ကား၏ ခေါင်းဆောင်မင်းသား Kim Go Eum ဖြစ်သည်။
ဆွန်ပီသတင်းဌာန၏အစီရင်ခံ တင်ပြမှုအရ ထိုကဲ့သို့ လွှမ်းမိုး ကျော်စောမှုအရှိဆုံးသောစီးပွားရေး ကြော်ငြာရိုက်ကူးသည့် မော်ဒယ် များအားရွေးချယ်ရာတွင် မော်ဒယ် ၂၃ ဦးအား ရွေးချယ်ခဲ့ပြီး ထို မော်ဒယ်များအားကိုရီးယားနာမည် ကျော်စောသူများအဖွဲ့အစည်းက ၂ဝ၁၆ ခုနှစ် ဧပြီ ၂၇ ရက်မှ မေ ၂၈ ရက်အတွင်းရရှိခဲ့သည့် အချက် အလက်ပေါင်း ၄၃၇၉ဝ၈၈ဝ အပေါ် တွင်အခြေခံကာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လွှမ်းမိုးကျော် စောမှုအရှိဆုံးသော စီးပွားရေး ကြော်ငြာရိုက်ကူးသည့် မော်ဒယ် အဖြစ်သတ်မှတ်ရာတွင် ထိုမော်ဒယ် ရိုက်ကူးသည့် အမှတ်တံဆိပ်၏ နာမည်ကျော်စောမှုစံနှုန်းနှင့်ဝယ် ယူသုံးစွဲသူများ၏ သုံးသပ်ချက် များအပေါ်တွင်လည်း အခြေခံကာ ရွေးချယ်ခြင်းဖြစ်သည်။

K.K(IR)


Leave a Reply