ဒဏ်ရာကြောင့် ရော်နယ်ဒို မန်စီးတီးနှင့် ဒုတိယအကျော့ပွဲကိုလည်း လွဲချော်နိုင်

1461730425_cristiano-ronaldo-real-madrid

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသည် ကြွက်သားစုတ်ပြတ်ဒဏ်ရာ ခံစားနေရကြောင်း စစ်ဆေးမှုများအရ သိရှိရပြီးနောက် ၎င်းသည် ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်ခွင့် အဖြေပေါ်မည့် မန်စီးတီးနှင့်ပွဲကို လွဲချော်နိုင်ကြောင်း အားကစားသတင်း ၀က်ဘ်ဆိုက် Goal က ဖော်ပြသည်။

အင်္ဂါနေ့က မန်စီးတီးကွင်းတွင် ဂိုးမရှိသရေကျခဲ့သော ပွဲမတိုင်မီ ရော်နယ်ဒိုသည် MRI စစ်ဆေးမှုခံယူခဲ့ရာ တံကောက်ကြော စုတ်ပြတ်ဒဏ်ရာခံစားနေရကြောင်း တွေ့ရှိခဲ့သည်။

ရော်နယ်ဒို (၃၁) နှစ်သည် လာမည့်သီတင်းပတ်၌ ယှဉ်ပြိုင်ရမည့် ဆီမီးဖိုင်နယ်အကြိုဗိုလ်လုပွဲ မန်စီးတီးနှင့် ဒုတိယအကျော့ပွဲ အပါအ၀င် ပွဲများစွာနှင့် လွဲချော်နိုင်သည်။

ယခုရာသီ ၄၅ ပွဲတွင် ၄၇ ဂိုး သွင်းယူထားသော ရော်နယ်ဒိုသည် ယင်းဒဏ်ရာကို ဧပြီ ၂၀ ရက်က ဗီလာရီးရဲလ်ကို ၃-၀ ဂိုး ဖြင့် အနိုင်ရသော ပွဲ၌ ရရှိခဲ့ခြင်းဖြစ်သည်။

ရီးရဲလ်နည်းပြ ဇီဒန်းက ရော်နယ်ဒိုသည် လာမည့် သီတင်းပတ်ပွဲအတွက် ကြံ့ခိုင်မှု ပြည့်ဝရန် မသေချာဟု ၀န်ခံ ပြောကြားခဲ့သည်။

‘‘အဲဒါတွေဟာ ရာနှုန်းပြည့်လို့ပဲ ကျွန်တော်ပြောရမှာဖြစ်ပေမယ့် လေ့ကျင့်ခန်းဆင်းရမယ့် ကိစ္စတွေ့ ရှိနေဆဲပဲဖြစ်တယ်လို့ ကျွန်တော် ပြောရပါမယ်’’ဟု ဇီဒန်းက ပြောသည်။    —Ref:Goal


Leave a Reply