အမေရိကန်အောက်လွှတ်တော်ဥက္ကဌဟောင်း ကလေးသူငယ်မဖွယ်မရာပြုမှုဖြင့် ထောင် ၁၅ လကျ

_89475101_f4b02225-31a1-4f54-941b-6efb7dde3daf

ဝါရှင်တန်ဒီစီ၊ ဧပြီ ၂၈

အမေရိကန်အောက်လွှတ်တော်ဥက္ကဌဟောင်း ဒန်းနစ်ဟာစတက်ကို ကလေးသူငယ်မဖွယ်မရာပြုမူမှုပြီး လုပ်ရပ်ကို ငွေအားဖြင့် ဖုံးကွယ်ရန် ကြိုးစားခြင်းအတွက် တရားရုံးက ထောင်ဒဏ် ၁၅ လချမှတ်လိုက်သည်။

ဝှီးချဲအသုံးပြုကာ နေထိုင်နေရသည့် အသက် ၇၄ နှစ်ရှိ ဒန်းနစ်က စာသင်ကျောင်းတွင် နည်ပြအဖြစ်လုပ်ကိုင်ခဲ့စဉ် ၁၉၇၀ ခုနှစ်များအတွင်းက ကျောင်းသားများအပေါ် မဖွယ်မရာကျုးလွန်ခဲ့ခြင်းအတွက် အလွန်ပင်ရှက်ရွံမိကြောင်း တရားရုံးတွင် ထွက်ဆိုဝန်ခံသည်။

ဒန်းနစ်၏ မဖွယ်မရာပြုလုပ်ခြင်းရသူများအနက် တစ်ဦးက ယင်းသို့ ကျုးလွန်ခံရခြင်းကြောင့် ဘ၀မှာ ၀မ်းနည်းစိတ်ဖြင့် ယူကျုံးမရခံစားရကြောင်း ပြောသည်။

ဒန်းနစ်သည် ၁၉၈၇ မှ ၂၀၀၇ ခုနှစ်အတွင်း အီလီနွိုက်လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

အမေရိကန်သမိုင်းတွင် အရှည်ကြာဆုံး အောက်လွှတ်တော်ဥက္ကဌလည်းဖြစ်သည်။ လွှတ်တော်ဥက္ကဌအဖြစ် ဒန်းနစ်အနေဖြင့် သမ္မတရာထူး ဆက်ခံရမည်ဆိုပါက ဒုတိမြောက်နေရာတွင် ရှိထားသူလည်းဖြစ်သည်။

ဒန်းနစ်၏ လုပ်ဖော်ကိုင်ဖက်အများစုအား ၎င်းအမှုအား သက်သက်ညှာညှာစဉ်းစားပေးရန် လျှောက်လဲခဲ့ကြသည်။

အတိတ်ကအမှားကို နှုတ်ပိတ်ပေးရန်အတွက် တစ်စုံတစ်ဦးအား အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်း ပေးရန်အတွက် ငွေကြေးအစီရင်ခံစာကို လိမ်လည်မှုလည်း ကျုးလွန်ခဲ့သည်ဟု အောက်တိုဘာလအတွင်းက ၎င်းက ၀န်ခံထွက်ဆိုခဲ့သည်။

(BBC)


Leave a Reply