ဘာစီလိုနာအိုးပင်း တင်းနစ်ဗိုလ်လုပွဲ နာဒဲ ဗိုလ်စွဲ

Rafael Nadal of Spain bites the Barcelona Open trophy after defeating Kei Nishikori of Japan in Barcelona, Spain, April 24, 2016. REUTERS/Albert Gea

 

ဘာစီလိုနာ အိုးပင်း တင်းနစ်ဗိုလ်လုပွဲမှာ နာဒဲ (Rafael Nadal) က လက်ရှိချန်ပီယံ နစ်ရှီကိုရီ (Nishikori) ကို ၆-၄၊ ၇-၅ နဲ့ အနိုင်ယူပြီး ချန်ပီယံသရဖူကို အရယူလိုက်ပါတယ်။

အရင်လကပဲ မွန်တီကာလို (Monte Carlo) ဖလား ရရှိထားတဲ့ အသက် ၂၉ နှစ်အရွယ် စပိန်တင်းနစ်သမား နာဒဲအတွက် နောက်ထပ် ချန်ပီယံဆုတခု ဖြစ်လာပါတယ်။

ဂျပန်တင်းနစ်သမား နစ်ရှီကိုရီ အတွက်ကတော့ ၂ နှစ်ဆက်တိုက် ရရှိခဲ့တဲ့ ဖလားကို မကာကွယ်နိုင်ဘဲ အရှုံးပေး လိုက်ရတာပါ။

ဒီပွဲဟာ အကြိတ်အနယ်ရှိခဲ့ပြီး ၂ ယောက်စလုံးအတွက်  ချန်ပီယံဖြစ်နိုင်တဲ့ အခွင့်အလမ်း ရှိခဲ့တယ်လို့ နာဒဲက ပွဲအပြီးမှာ ပြောပါတယ်။   နာဒဲဟာ ရှေ့လ ပြင်သစ်အိုးပင်းမှာ ၀င်ပြိုင်ဖို့ ရှိပါတယ်။

(ရိုက်တာ)


Leave a Reply