မာဆယ်လိုဟာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တယ်လို့ ဝုလ်ဖ်ဘတ်နည်းပြဟက်ကင်း ဝေဖန်

ဘရာဇီးလ်နောက်ခံလူ Marcelo (မာဆယ်လို)ဟာဆိုရင်တော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် ကစားခဲ့ကြတဲ့ ဝုလ်ဖ်ဘတ်အသင်းနဲ့ ပွဲစဉ်မှာ ဝုလ်ဖ်ဘတ်တိုက်စစ်မှူး အာနိုးလ်နဲ့ အချင်းများခဲ့ပြီး မာဆယ်လိုက ဟန်ဆောင်လှဲချခဲ့တာကြောင့် ဘောလုံးအသိုင်းအဝိုင်းက အကြီးအကျယ်ဝေဖန်လျက်ရှိနေကြပါတယ်။

ကင်မရာမှတ်တမ်းတွေအရတော့ ဝုလ်ဖ်ဘတ်တိုက်စစ်မှူး အာနိုးလ်ဟာ မာဆယ်လိုကို လက်နဲ့တောင် မထိခဲ့ပေမယ့် မာဆယ်လိုက ဟန်ဆောင်လှဲချပြီး မျက်နှာကို လက်နဲ့အပုတ်ခံလိုက်ရတဲ့ ပုံစံပြုလုပ်ခဲ့တာပါ။ ဒါ့ကြောင့် ကွင်းလယ်ဒိုင်ရဲ့ အဝါကတ်ပြပြီး သတိပေးမှုကို အာနိုးလ်တစ်ယောက် ငြိမ်ခံခဲ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဝုလ်ဖ်ဘတ်နည်းပြ ဒိုင်းယတ်ဟက်ကင်းက မာဆယ်လိုကို အခုလိုပဲဝေဖန်ခဲ့ပါတယ်။
“မာဆယ်လိုက ဘောလုံးသမားမဟုတ်ပါဘူး။ ကောင်းမွန်တဲ့သရုပ်ဆောင်တစ်ယောက်ပါ။ ဒီလုပ်ရပ်က ကျွန်တော့်ကို စိတ်ပျက်စေပါတယ်။ သူ့အနေနဲ့ လုပ်သင့်တဲ့ အပြုအမူမဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

မာဆယ်လိုရဲ့ လုပ်ရပ်ကိုတော့ နောက်ထပ်ဘောလုံးဝေဖန်သူတစ်ယောက်ဖြစ်တဲ့ အင်္ဂလန်နည်းပြဟောင်း ဂလင်းဟော်ဒယ်လ်က ရှက်ဖို့ကောင်းပြီး သိက္ခာမရှိတဲ့ လုပ်ရပ်လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ်ဘောလုံးဝေဖန်သူ မန်ယူအသင်းခေါင်ဆောင်ဟောင်း ရွိုင်ကိန်းကလည်း မက်ဒရစ်ကစားသမားရဲ့ ဟန်ဆောင်လဲချမှုကတော့ ရှော့ခ်ရစရာပဲလို့ ပြောကြားခဲ့ပါတယ်။

မာဆယ်လိုရဲ့ လိမ်လည်မှုကို ကိုယ်တိုင်ခံခဲ့ရသူ အာနိုးလ်ကတော့ သူတို့အသင်းဟာ ရင်သပ်ရှုမောစရာ နိုင်ပွဲကို ရယူခဲ့ပြီး မာဆယ်လိုနဲ့ ပတ်သက်ပြီးတော့လည်း “ကျွန်တော်လည်း သူ့လို အရမ်းမိုက်တဲ့ ဆံပင်ပုံစံထားချင်တယ်” လို့ ပေါ့ပေါ့ပါးပါးပဲ ဖြေကြားခဲ့ပါတယ်။


Leave a Reply